လိုင်းကားစီး ငွေဖြည့်ကတ် ယခုလ စတင်မည်
Source:FB
ငွေကိုင်တွယ် သုံးစွဲစရာမလိုဘဲ ဘတ်စ်ကားစီးနိုင်သည့် iPay ငွေဖြည့်ကတ်များအား ယခုလတွင် စတင်သုံးစွဲခွင့် ပေးသွားမည်ဖြစ်ကြောင်း ဝန်ဆောင်မှုပေးသည့် ကစ္ဆပနဒီကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
”မတ်လ ၁၅ ရက်နေ့ကစပြီး မြေနီကုန်း၊ လှည်းတန်းဘက်ကို ပြေးဆွဲနေတဲ့ ဗန္ဓုလသယ်ယူပို့ ဆောင်ရေးယာဉ်လိုင်း၊ ပါရမီ အဓိပတိအပြာ ယာဉ်လိုင်းမှာ စတင်စမ်းသပ် အသုံးပြုသွားမှာပါ။ အဓိကကတော့ ဘတ်စ်ကားတွေမှာ ဖြစ်နေတဲ့ ငွေအကြွေ အခက်အခဲတွေကို ပြေလည်စေချင်တဲ့ သဘောနဲ့ ဆောင်ရွက်ပေးခဲ့တာပါ” ဟု ၄င်း က ပြော သည်။အဆိုပါ iPay ကတ်များအား ငွေကျပ် ၃ဝဝ ဖြင့် စတင်ရောင်းချ သွားမည်ဖြစ်ပြီး ကတ်အတွင်း ငွေဖြည့်သွင်းမည်ဆိုပါက အနည်းဆုံး ကျပ် တစ်ထောင်မှ အများဆုံး ကျပ် တစ်သိန်းအထိ ဖြည့်သွင်းနိုင်မည်ဖြစ်ကြောင်း၊ ငွေဖြည့်သွင်းရန်အတွက် သတ်မှတ်ထားသည့် ရုံးခွဲများတွင် ကနဦးဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး ၄င်းနောက် ကားမှတ် တိုင်များတွင် ဆက်လက်ထားရှိ ပေးမည်ဖြစ်ကြောင်း ကစ္ဆပနဒီကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
No comments:
Post a Comment