မူလစာမျက်နှာ

Tuesday 28 February 2012

ကိုမြအေး ( ၈၈မျိုးဆက် ကျောင်းသားများ၏ ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် မြစ်ကြီးနားပဲ့တင်သံ ကြေညာချက်နှင့် ပတ်သက်ပြီး ပြောဆိုချက်)

အရင်ဦးဆုံး ကျွန်တော် ထောင်ကလွတ်ပြီး တစ်လကျော် အကြာမှာ ဒီကချင် ပြည်နယ်ကို လာတဲ့ ရည်ရွယ်ချက်က မြစ်ဆုံရေကာတာ စီမံကိန်းကြောင့် ရွေ့ပြောင်းခံရတဲ့ ရွာသူ ရွာသားတွေနဲ့ ကျွန်တော်တို့ တစ်သားတည်းဆိုတာ ပြသချင်တဲ့ ရည်ရွယ်ချက်၊ နောက်တစ်ခုက ကချင်ပြည်နယ်မှာ စစ်ဘေးဒုက္ခ ခံစားနေရတဲ့ တိုင်းရင်းသားတွေဟာ ကျွန်တော်တို့နဲ့ တစ်သားတည်း ဖြစ်တယ်ဆိုတာ ဖော်ပြလိုတဲ့ ရည်ရွယ်ချက်၊ အရေးကြီးတာက ကျွန်တော်တို့ နိုင်ငံမှာ ငြိမ်းချမ်းရေး လိုပါတယ်။
စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ပြောတာပါ။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရမှ ဒီမိုကရေစီ ဖော်ဆောင်နိုင်မှာပါ။ အဲဒီရည်ရွယ်ချက်တွေနဲ့ ကျွန်တော်တို့ လာခဲ့တာ ဖြစ်ပါတယ်။

လာခဲ့တဲ့ အတိုင်းလည်း မြစ်ဆုံကျေးဇူး ပဲ့တင်သံဆိုတဲ့ ပွဲကို ကျွန်တော်တို့ သွားတက်ပြီး နောက်ပိုင်းမှာ ကျွန်တော်၊ ကိုပြုံးချို၊ ကိုစိုးထွန်း၊ ကိုထွန်းမြင့်အောင်၊ ကိုမြတ်သူ၊ မမီမီလွင်နဲ့ မစန်းစန်းမော် ၇ယောက်က ဒီမှာ ကျန်ခဲ့ပြီး ဒီက ကချင်တိုင်းရင်းသား တာဝန်ရှိတဲ့ သူတွေနဲ့ပေါ့ဗျာ၊ ပြီးတော့ ကချင်ပြည်နယ် ငြိမ်းချမ်းရေးကို ဖော်ဆောင်နေတဲ့
ခေါင်းဆောင်တွေ ဘာသာရေးအကြီးအကဲ ခေါင်းဆောင်တွေနဲ့ တွေ့ပြီး ကချင်ပြည်နယ်တစ်ခုလုံးကို လွှမ်းခြုံနိုင်တဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး အသင်းအဖွဲ့အစည်း အသီးသီးက ခေါင်းဆောင်တွေကို တွေ့ဆုံပြီးတော့ ဒီကြေညာချက်ကို ထုတ်ပြန်တာပါ။ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ တိုင်းပြည်မှာ ငြိမ်းချမ်းရေး လိုပါတယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ တိုင်းရင်းသားတွေကို မျှတတဲ့ အခွင့်အရေး ရစေချင်ပါတယ်။ တိုင်းရင်းသားတွေ အခွင့်အရေး ဆုံးရှုံးနစ်နာမှုမျိုး မဖြစ်စေချင်ပါဘူး။ တိုင်းရင်းသားတွေ အပေါ်မှာ စစ်မက်ဖြစ်ပွားပြီး စစ်ဘေးဒဏ်ခံစားနေရပြီး တိုင်းရင်းသားတွေရဲ့ ဒုက္ခတွေကို ကျွန်တော်တို့ မကြည့်ရက်ပါဘူး။ အဲဒီအတွက်ကြောင့် ဒီကြေညာချက်ကို ထုတ်ပြန်ရခြင်း
ဖြစ်ပါတယ်။ ၈၈ တစ်ခုလုံးကို လွှမ်းခြုံတဲ့ ကြေညာချက်ပါ။
Source:FB

No comments:

နေ့မှာ