မူလစာမျက်နှာ

Tuesday 28 February 2012

"မင်္ဂလာပွဲကနီးပါပြီ အနဂ္ဂ နဲ့ သံသာဝင်း"

Source:FB
တစ်ယောက်နဲ့တစ်ယောက်နားလည်မှု များစွာနဲ့ ချစ်သူသက်တမ်း(၃)နှစ်ကျော်ကို ဖြတ်သန်း လာခဲ့တဲ့ အနဂ္ဂနဲ့ သံသာဝင်းတို့ရဲ့ မင်္ဂလာပွဲကို ပရိသတ်တွေက မြင်ချင်နေ ကြ ပြီဖြစ်ပါတယ်။ တစ်ယောက်က ပရဟိတတွေ ဘက်မှာ အားသန်သလို၊ နောက်တစ်ယောက် ကလည်း ပရဟိတတွေဘက်မှာ အမြဲတွေ့နေ ရပြန်တော့ သူတို့နှစ်ေ ယာက်ကို အတွဲညီ လိုက်တာလို့ ပရိသတ်တွေက ဆိုကြပါတယ်။ ဒီလိုနဲ့ပဲ ပရိသတ်တွေသိချင်နေတဲ့ မင်္ဂလာပွဲ ဘယ်တော့ လဲဆိုတဲ့ အမေးကို သံသာဝင်း နဲ့ပွဲတစ်ပွဲမှာတွေ့ဆုံတုန်းမေးတော့”ပြောမှာ ပါ။ သိပ်တော့ မလိုတော့ပါဘူး။ အစ်မအဲဒီ လောက်ပဲပြောချင်သေးတယ်။ ဘာကြောင့် လဲဆိုတော့ကြိုပြော လိုက်ရင်အဲဒီအကြောင်း တစ်ခုကိုပဲFocusလုပ်မှာကို အစ်မကြောက်တယ်။ အရှေ့ကို တအားကြီး အစ်မမထွက်ချင်ဘူး။အစ်မရက်အတိအကျ ပြောပေးမှာပါ”လို့ ဖြေပေးပါတယ်။မင်္ဂလာပွဲ ရက်ေ မးပြီးတော့ လည်း မင်္ဂလာပွဲဘယ်နှပွဲ လောက်လုပ်ဖြစ်မလဲလို့မေးဖြစ် ခဲ့ပြန်တာက ”အစ်မရဲ့စိတ် သဘောတရားကဘုရားရှေ့မှာ သစ္စာလိုချင်တယ်။နောက်အစ်မ တို့က ခရစ်ယာန်ဖြစ်တဲ့အတွက်ဘုရားကျောင်းမှာ လက်ထပ်မယ်ဆိုတာက ဟိုးငယ်ငယ်လေး ကတည်း က စိတ်ကူးထားတာပါ။ ဘုရားကျောင်းမှာဆောင်တာက တအားရိုမန့် တစ် ဖြစ်တဲ့ အပြင် ဘုရား ရှေ့မှာ သစ္စာဆိုပြီး ဆောင်တာ ပိုပြီး ခိုင်မြဲတယ်လို့ အစ်မယုံ ကြည်တယ်။ ဘုရားရှေ့မှာသစ္စာဆိုတဲ့အတွက် တစ်သက် လုံးလည်း တည်မြဲတယ်” လို့ ပြော လာပါတယ်။ ချစ်သူ သက်တမ်း၃နှစ်ရလာ ပြီဖြစ်တဲ့ အတွက်ဒီလို အချိန် တစ်ခုရလာလေ လေ တစ်ယောက် စိတ်ကိုတစ်ယောက် ပိုသိလာလေလေပဲလို့ သံသာဝင်းကဆိုပြန် ပါတယ်။ ”ကိုအနဂ္ဂဆိုရင် သူ့မျက်နှာကို ကြည့်လိုက်တာနဲ့သူ့ စိတ်ထဲမှာ ဘာဖြစ်နေ လဲဆိုတာသိ တယ်၊၊ အစ်မဆိုရင်လည်း သူသိတယ် ။အဲဒီတော့ Balance လုပ်ဖို့ တအားလွယ်သွားပြီ။သူကောင်းနေတာ မျိုးရှိပြီး ကိုယ်ကလိုအပ်နေတဲ့အခါ ကိုယ့်စိတ်ကို လျှောပြီးတော့ သူ ကောင်းတဲ့နောက်ကို လိုက်ရ မှာပဲ။ ကိုယ်ကလည်း ကိုယ် ကောင်းနေတယ်ထင်ပြီး သူ လိုနေတယ်ဆိုရင်ကောင်းတဲ့ ဘက်ကိုဆွဲခေါ်ရမှာပဲလေ။ မှားတဲ့အရာတစ်ခုပေါ် နှစ်ယောက် လုံးမကျသွားတော့ ဘူးပေါ့။ နောက် အချိန်တစ်ခု ယူတယ်ဆိုတာကလည်း သိပ်အကြာကြီး ဖြစ်သွားရင် ငြီးငွေ့သွား တယ်ဆိုတာမှန်ပါ တယ်။ အခုချိန်လောက် ကတော့ ဘာပဲဖြစ်ဖြစ် တစ်ယောက်နဲ့တစ် ယောက် နားလည်သွားပြီလို့ပဲ အစ်မသတ်မှတ်ထားတယ်။ အဲဒီ အချိန်မျိုးရအောင်လည်း အစ်မ စောင့်ခဲ့တာပါ။ သူ့ကိုလည်းအချိန် ပေးတာပါပါတယ်”လို့ သံသာဝင်း ကပြောပါတယ်။

No comments:

နေ့မှာ