မူလစာမျက်နှာ

Tuesday 28 February 2012

"တံခါးတွေဖွင့်လို့ ပြောလာတဲ့ Acidအဖွဲ့ရဲ့ သီချင်း"

Source:FB
ဒေါ်အောင်ဆန်းစုကြည် လမ်းညွှန်မှုဖြင့် ဂီတအနုပညာရှင်များက အမျိုးသားရေးနဲ့ ဇာတိသွေး၊ဇာတိမာန် တက်ကြွစေတဲ့ သီချင်းများပါဝင်မယ့် အခွေကို ပြုလုပ်နေကြ တာ တော်တော်ကို ပြီးစီးနေကြပြီဖြစ်ပါတယ်။ ဒီအခွေရဲ့ခေါင်းစဉ်ကတော့ ‘လွတ်လပ်မြင့်မား တေးသံများ’ဆိုပြီး ပေးထားပါတယ်။ အခွေထဲမှာ Acidအဖွဲ့ကလည်း အမျိုးသားရေး သီချင်း တစ်ပုဒ် ရေးစပ်သီဆိုထားကြပါတယ်။ သူတို့ရဲ့ သီချင်း နာမည်ကိုတော့ ‘တံခါးတွေဖွင့်’ ဆိုပြီး ပေးထားပါတယ်။ ဒီသီချင်းကို ၃ယောက် ရေးစပ်ထား ကြတာဖြစ်တဲ့အတွက် တစ်ယောက်ချင်းစီ ရေးစပ်ထားကြတဲ့ အပိုဒ်တွေကို အခုလို Acid အဖွဲ့ဝင်အနဂ္ဂက ပြောပြခဲ့တာက…”ရန်ရန်ချန်းရေးတဲ့အပိုဒ်ကို ခြုံငုံ ပြီး ပြောရမယ်ဆိုရင် သီချင်းဆိုတဲ့ လူတစ်ယောက် အနေနဲ့ပဲဖြစ်ဖြစ်၊ ရိုးရိုးသာမန်လူ တစ်ယောက်အနေနဲ့ပဲ ဖြစ်ဖြစ်၊ အသက်ကြီး လာတဲ့အခါမှာ ဘာမှန်းမသိဘဲနဲ့ အူကြောင်ကြောင် ကြီးလာတယ်ပေါ့။ ဒါက ရန်ရန်ချန်း ဆိုတဲ့အပိုဒ်ပေါ့။ ကျွန်တော့်အပိုဒ်ကတော့ အကျင့်၊ စည်းကမ်း၊ သိက္ခာပိုင်း တွေကို နည်းနည်း ဆိုထားတယ်။ ဇေယျာသော် အပိုဒ်ကတော့ လူ့ အခွင့်အရေးနဲ့ ပတ်သက်တာကိုဆိုတယ်”လို့ ပြောပါတယ်။ Acidအနေနဲ့ ဆိုခဲ့သမျှ သီချင်း တွေထဲ
ကနေ ဒီသီချင်းက ဘယ်လို တန်ဖိုးတွေ ရှိနေမလဲလို့ Acidအဖွဲ့က အနဂ္ဂကို မေးတဲ့
အခါ မှာတော့…”သီချင်းတိုင်းကတော့ တန်ဖိုးရှိပါတယ်။ ဒါပေမဲ့ ဒီသီချင်းကတော့ ကျွန်တော်တို့ Acidအနေ နဲ့ ပြန်ထွက်တဲ့အချိန်မှာ စစချင်းဆိုဖြစ်တဲ့ သီချင်းပါ။ နောက် ဒီသီချင်း က Social Movement တွေအတွက်ကို ဇောင်းပေးပြီး ကျွန်တော်တို့ ပထမဆုံး ရေးတဲ့သီချင်းပါ။ ကျွန်တော်တို့နှစ်တွေ အများကြီးကြာပြီး ပျောက်လာပြီးမှ ပြန်ရေး ဖြစ်တဲ့ သီချင်းက ဒီလိုသီချင်းမျိုး ဖြစ်သွားတာကိုလည်း ကျွန်တော်တို့ ကိုယ်တိုင် လည်း အံ့သြ သင့် မိပါတယ်။ ဒါမျိုး ဖြစ်တာလည်း ကောင်းတယ်လို့ ကျွန်တော်တို့ ယူဆ တယ်”လို့ ပြောပါတယ်။

No comments:

နေ့မှာ