မူလစာမျက်နှာ

Monday 17 January 2011

ထိုင်းဆရာများနေ့အထိမ်းအမှတ် ကျောင်း ဆရာတစ်ဦး အသတ်ခံရ

ဇန်န၀ါရီလ ၁၆ ရက် ထိုင်းနိုင်ငံ ကျောင်းဆရာများနေ့ အထိမ်းအမှတ်အကြိုအဖြစ် ထိုင်းနိုင်ငံတောင်ပိုင်းတွင် မော်တော်ဆိုင်ကယ်စီးလာသော အသက် ၃၇ နှစ်ရှိ ကျောင်းဆရာတစ်ဦးကို အစွန်းရောက်သူများက ပစ်သတ်
လိုက်သည်။
ဇန်န၀ါရီ ၁၅ ရက်နေ့ နေ့လည် ၁၁ နာရီမှာ ထိုင်းနိုင်ငံ မောင်းခရိုင်အတွင်းမှ ပတ်တာနီ ကွန်မြူနတီကောလိပ်တွင် စာသင်ပြီး မော်တော်ဆိုင်ကယ်ဖြင့် ပြန်လာသော ဆရာ မနွတ်ချဒါရတ်ကို သေနတ်ဖြင့် သုံးချက်ပစ်သတ်သွားကြောင်း မောင်းခရိုင် ရဲဌာနက အတည်ပြုပြောဆိုသည်။ မာနွတ်ချာဒါရတ်မှာ မောင်းခရိုင် Dechapattanayanukul School မှ သင်္ချာဆရာ ဖြစ်သည်။
ထိုင်းနိုင်ငံတောင်ပိုင်း ပြည်နယ်သုံးခုမှ နယ်စပ်ကျောင်းဆရာများအဖွဲ့ (the Confederation of Teachers in the Three Southern Border Provinces) ဥက္ကဌက တောင်ပိုင်းဒေသများတွင် အစွန်းရောက် မူဆလင်များက ကျောင်းဆရာများကို ပစ်မှတ်ထား သတ်ဖြတ်နေကြောင်း၊ ၂၀၀၄ ဇန်န၀ါရီကတည်းက ကျောင်းဆရာများနေ့ နီးတိုင်း ဆရာများကို ပစ်သတ်ခဲ့ပြီး၊ ယခု ဆရာမာနွတ်မှာ ၁၃၈ ယောက်မြောက် အသတ်ခံရတဲ့ ဆရာ ဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာကို ပြောပြသည်။
ဥက္ကဌ မစ္စတာ ဘွန်စွမ်း က မကြာမီက ၀န်ကြီးချုပ်အဘီဆစ်နှင့် တောင်ပိုင်းကျောင်းဆရာကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံခဲ့ပြီးနောက် လုံခြုံရေးတင်းကျပ်မှုများ ပြုလုပ်ခဲ့ပေမယ့်၊ ကျောင်းဆရာ ဆရာမများမှာ အကြမ်းဖက်မှုများ ဆက်ရင်ဆိုင် နေရသေးကြောင်း ပြောဆိုသည်။ စရိုက်ကြမ်းပြီး ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ တောင်ပိုင်းဒေသကို ကျောင်းဆရာ ဆရာမများမှ ဦးဆောင်ပြီး၊ လူမှုရေး ပညာရေး လုပ်ဆောင်နေမှုကြောင့် အကြမ်းဖက်ဂိုဏ်းများမှ တုံ့ပြန်ခြင်း ဖြစ်သည်ဟု ဆိုသည်။
တောင်ပိုင်း ဆေးရုံတစ်ရုံတွင် တက်နေတဲ့ သေဆုံးသူ ဆရာမာနွတ်ရဲ့ ဇနီး ပန်းနာရောဂါသည် က သူ့ခင်ပွန်းမှာ ညတိုင်း သူ့အနားတွင် ရှိနေခဲ့ကြောင်း၊ မည်သူနဲ့မျှ ပုဂ္ဂိုလ်ရေးပဋိပက္ခ မရှိခဲ့တဲ့အတွက် ရှော့ဖြစ်ရကြောင်း ပြောဆိုသည်။
သေတဲ့အထိ ဆက်သင်မယ်
ဆရာမာနွတ် သေဆုံးပြီး၊ မောင်းခရိုင် နရာစီခါလီ ကျောင်းတွင် ထိုင်းဆရာများနေ့ ကျင်းပရာ၊ ထိုင်းဆရာ ဆရာမ ၅၀၀ ကျော်က တောင်ပိုင်းတွင် သူတို့ လုပ်ဖော်ကိုင်ဖက် ၁၀၀ ကျော် အသတ်ခံခဲ့ ရပေမယ့် ကျောင်းသားများကို စာသင်ကြားမှု မစွန့်လွှတ်ဘဲ သေတဲ့အထိ ဆက်သင်မည်ဖြစ်ကြောင်း သန္နိဌာန်ချခဲ့ ကြသည်။
‘ဆရာတွေမရှိဘဲ တိုင်းပြည် ဖွံ့ဖြိုးဖို့ ဘယ်လိုတွေးနိုင်မလဲ’ (Without teachers, it's hard to imagine how the country can develop) ဟု ကြွေးကြော်ခဲ့ကြသည်။
Source:maukkha

No comments:

နေ့မှာ