မူလစာမျက်နှာ

Monday 17 January 2011

အကျဉ်းသား ၂၇၀၀ ကျော်ကို ဘင်္ဂလာမှ မြန်မာကို ပြန်ပို့လို

1/16/2011
ဘင်္ဂလာဒေခ်ျ့ အကျဉ်းထောင်များတွင် နှစ်ရှည်လများ ထောင်ကျခံနေသော မြန်မာ နိုင်ငံသား ၂၇၀၀ ကျော်ကို မြန်မာဘက်သို့ ပြန်ပို့လိုကြောင်း ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက မြန်မာ အာဏာပိုင်များကို ပြောကြားလိုက်သည်။


custody
အဆိုပါ ပြောကြားမူကို မောင်တောမြို့တွင် စနေနေ့က ပြုလုပ်သော နှစ်နိုင်ငံ တပ်မှူးများ အဆင့် အလံတင် ဆွေးနွေပွဲတွင် ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ သူတို့တင်ပြတာက ဘင်္ဂလာဒေခ်ျ့မှာ လွတ်ရက်စေ့ အကျဉ်းသားတွေရော၊ တခြား ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား စုစုပေါင်း ၂၇၁၅ ဦးရှိတယ်။ အဲဒီ အကျဉ်းသားတွေကို မြန်မာဘက်က ပြန်လည် လက်ခံဖို့ တင်ပြတယ်။ မြန်မာဘက်ကတော့ အထက် အာဏာပိုင်တွေကို ဒီကိစ္စကို တင်ပြပေးမယ်ဆိုပီး အကြောင်းပြန်ကြားခဲ့တယ်လို့ သိရပါတယ်” ဟု လ၀က အရာရှိ တစ်ဦးက ပြောသည်။

အဆိုပါ အကျဉ်းသားများကို ဘင်္ဂလာဘက်မှ ပြန်ပို့လိုကြောင်း အကြိမ်ကြိမ် ဆွေးနွေးတင်ပြခဲ့သော်လည်း မြန်မာဘက်မှ ပြတ်ပြတ်သားသား ဆောင်ရွက်မူ မရှိသဖြင့် မြန်မာ့ အကျဉ်းသားများမှာ နှစ်ရှည်လများ လွတ်ရက်စေ့သော်လည်း အိမ်မပြန်နိုင်ဘဲ ဖြစ်နေကြရသည်။

“ နှစ်နိုင်ငံ အလံတင် ဆွေးနွေးပွဲထဲမှာ နောက်ထပ် အရေးကြီးတဲ့ နယ်စပ်ကိစ္စတွေကို သူတို့ ဆွေးနွေးခဲ့ကြပါတယ်။ အထူးသဖြင့် ဘင်္ဂလာဒေခ်ျ့က ငါးဖမ်း သမားတွေကို မြန်မာဘက်က ပြန်ပေးဆွဲ ငွေတောင်းခံနေတဲ့ ကိစ္စ၊ နယ်စပ် ခြံစည်းရိုး ကာရံနေတဲ့ ကိစ္စ၊ မှောင်ခိုတားဆီးရေး ကိစ္စနဲ့ နယ်စပ် ကုန်သွယ်ရေး၊ လုံခြုံရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်” ဟု သူက ဆက်ပြောသည်။

အစည်းအဝေးအပြီးတွင် မြန်မာနိုင်ငံ ထောင်ထဲတွင် ၁၂ နှစ်ကျော် အကျဉ်းကျခံခဲ့ရသူ ဘင်္ဂလီ တစ်ဦးကို မြန်မာဘက်က ဘင်္ဂလာဒေခ်ျ့သို့ လွဲပြောင်းပေးခဲ့သည်ဟု သိရသည်။

ဆွေးနွေးပွဲကို နံနက် ၁၁ နာရီမှ နေ့လည် ၂ နာရီအထိပြုလုပ်ခဲ့ပြီး ဘင်္ဂလာဘက်မှ တက်ကနက်အခြေစိုက် အမှတ် ၂၄ Border Guards Bangladesh တပ်ဖွဲ့မှ ဗိုလ်မှူးကြီး ဟောဆန်း၊ ဖလောင်းချိတ်မြို့ အခြေစိုက် အမှတ် ၁၇ BGB မှ ဗိုလ် မှူးကြီး ခါလေဇူလ်ဇာမာန်တို့ ဦးဆောင်သည့် အဖွဲ့ဝင် ၁၆ ဦးနှင့် မြန်မာဘက်မှ နယ်စပ် လူဝင်မူ ကြီးကြပ်ရေးဌာန (နစက) မှ အရာရှိ ဦးစောအောင် ဦးဆောင်သည့် ၁၅ ဦးပါ အဖွဲ့တို့ တက်ရောက်ခဲ့သည်။ 

Source:narinjara

No comments:

နေ့မှာ