မူလစာမျက်နှာ

Monday 20 December 2010

ဖိုးလပြည့်ကြောင့် ဂေါက်ချန်ပီယံမျက်နှာမှာ ဂေါက်သီးဘုများ ထွက်သွားခြင်း

ဗိုလ်ချုပ်မှူးကြီး၏ အချစ်ဆုံးမြေး “ဖိုးလပြည့်” တို့ကတော့ လုပ်ချလိုက် ပြန်ပါပြီ။ ဖိုးလပြည့်နဲ့ ပတ်သက်ပြီး ထိပ်ပိုင်း စစ်ဗိုလ်ချုပ် တွေနဲ့ ထိပ်ထိပ်ကြဲ စီးပွားရေးသမား အသိုင်းအ၀န်းတွေ ကြားထဲမှာ တိုးတိုး ကြိတ်ကြိတ် ပြောစရာ သတင်း တခု အခု လဆန်းပိုင်းမှာ ထွက်ပေါ်လာ ခဲ့ပါတယ်။
ဖိုးလပြည့်က စီးပွားရေး လုပ်ငန်းတခုမှာ သူနဲ့ ပြိုင်ဘက် ဖြစ်လာတဲ့ စစ်လက်နက် ပစ္စည်း ၀ယ်ယူရေး ညွှန်ကြားရေးမှူး ချုပ်ဟောင်း ဗိုလ်ချုပ် ၀င်းလှိုင်ရဲ့သား “၀င်းထွေးလှိုင်” ကို သူ့ကို “သောက် ဂရုမစိုက်ဘူးလို့” ပြောတဲ့ အတွက် လက်ကိုင်တုတ် လူမိုက်တွေကို လွှတ်ပြီး ဆုံးမခိုင်းတဲ့ ကိစ္စပါပဲ။
ဗိုလ်မှူးတွေ၊ ဗိုလ်ကြီးတွေ ပါတဲ့ ဒီလက်ကိုင်တုတ် လည်ကတုံးဝတ် လူမိုက်တစုဟာ ဗိုလ်ချုပ်ဟောင်း ၀င်းလှိုင်အိမ်ရှေ့ကိုသွား “၀င်းထွေးလှိုင်” ထွက်အလာ ကားနဲ့ပိတ်ပြီး ဆော်ကြနှက်ကြတာ ဂေါက်သီးချန်ပီယံ ၀င်ထွေးလှိုင်ခမျာမှာ မျက်နှာမှာ ဂေါက်သီးလို ဘုတွေထွက်ပြီး အတော်စုတ်ပြတ် သွားသတဲ့။
ဒီသတင်းကြားတော့ စစ်ဗိုလ်ချုပ်တွေတို့ ထိပ်သီး စီးပွားရေး သမားကြီးတွေတို့က မိမိတို့ သားလှရတနာ၊ တူသားနောင်မယ်တွေကို တိုးတိုးတိတ်တိတ် အနေအထိုင်ဆင်ခြင် ခိုင်းနေကြတယ်လို့ သတင်းထွက်လာ ပါတယ်။

No comments:

နေ့မှာ