မူလစာမျက်နှာ

Monday 7 May 2012

ဒါကတော့ GTC ကျောင်းသားတစ်ယောက်ရဲ့ ရင်ဖွင့်ချက်ပေါ့


Pye Phyo Hein
ပြောသင့်မပြောသင့်နဲ့ ပြောထည့်လိုက်တာပဲ ကောင်းပါတယ်..
BE mechanical မနေ့က RA ဖြေတဲ့လူတိုင်း သိပါလိမ့်မယ်..ဘယ်လိုတွေ ဖြစ်ကုန်လဲဆိုတာ
အကုန်လုံးနီးပါ unseen question ပါ
၅ပုဒ်ပေး ၄ပုဒ်ဖြေ ၂၅မှတ်ပါ တစ်ပုဒ်ကို
ပေးတဲ့၅ပုဒ်လုံး table chart graph ကြည့်ရတဲ့ ပုဒ်စာ တွေ ပါ
အကုန်လုံး ready မဖြစ်ပါဖူး
chart မပါလာပါဖူး တစ်ခါထဲ
graph လဲ မပါလာပါဖူး
table ကြားထဲမှာ ကျန်ပါတယ်
table 6.5 A6 မပါလာပါဖူး စာရွက်တွေ
ကျောင်းသားတွေ အခန်းစောင့် ဆရာမ ဆီတောင်းပါတယ် ဖြေတာ ၁နာရီ ၂း၃၀ ၃နာရီလောက်မှ အပြည့်အစုံ ရောက်ပါတယ်
စာမေးပွဲက ၄နာရီ ပြီးတာ မေးခွန်းက unseen မေးခွန်း ၁း၃၀ ၂နာရီနဲ့ ဘယ်လိုပြီးအောင် ဖြေမလဲ စဉ်းစားပေးပါ
seen၁ပုဒ် တွက်ရင်တောင် အနည်းဆုံး မိနစ်၃၀ ကြာပါတယ်
ဒီလိုအချိန်မှာ unseen question ဆိုတော့ ပိုဆိုးပါတယ်
ဆရာမက ၄ယောက်ပါ
သူတို့ မှာထားတဲ့အစားအသောက် က ၁း၃၀ ထဲကရောက်လာပြီ
ကျောင်းသားတွေရဲ့ provided chart table graph က ???
ရောက်လာတဲ့အချိန် စာရွက်တွေက ပူပူနွေးနွေးလေးပါ
မမြင်ရပါဖူး စာရွက်တွေက
ကျန်တာ ပြောချင်တာတွေ အများကြီးပါ
ဆရာဆရာမ တွေ ကို ကျွန်တော် နားလည်ပါတယ် ဒါပေမယ့် ကျောင်းသားဘက်တွေကိုလဲ နားလည်ပေးစေချင်ပါတယ်
မနေ့က ကျောင်းသား အားလုံး ကွဲပါတယ်
mechanical ကျောင်းသားအားလုံးနီးပါ
ကျွန်တော်သူငယ်ချင်းတစ်ယောက်ဆို အဖြေလွှာစာအုပ်အပြင်ပါသွားပါတယ် ၁နှစ်နားလိုက်ရပါတယ်အရင်နေ့တွေ ဆရာ၃ယောက် စောင့်တာ ဘာမှမဖြစ်ပါဖူး မနေ့က
ဆရာမ ၄ယောက်ရှိပြီ ဖြစ်သွားတာတော့ ဆရာတွေ အတွက် မကောင်းသလို ကျောင်းသားအတွက်လဲမကောင်းပါဖူး အတွေ့ကြုံရှိတဲ့ ဆရာတွေ ပဲ စောင့်စေချင်ပါတယ် အပြင်ထွက်ခွင့်ပေးပြီဆိုရင် အပေါက်ဝမှ ဆရာတစ်ယောက် ရှိကိုရှိနေရပါတယ်
မနေ့က ဆရာမ၄ယောက် ရှိပါတယ်
၁ယောက်ပဲ သိမ်းပြီး ကျန်၃ယောက် ဘာလုပ်??? စဉ်းစားစရာပါဘယ်လိုမှ မဖြစ်သင့်ပါဖူး နစ်နာပါတယ်အရည်ချင်းရှိတဲ့ ကျောင်းသားအတွက် အဲဒါလေးလဲ ပြောပြချင်ပါတယ်
တစ်နေ့ကလဲ civil က တစ်ယောက် နားလိုက်ရပါသေးတယ်
ဒါမဖြစ်သင့်ပါဖူး
လုံးဝပါ။ကျောင်းသားက စာမေးပွဲ မဖြေနိုင်ရင် ဖိအားဝင်တက်ပါတယ် စိတ်ဓာတ်ကျတက်ပါတယ် အဲဒီအချိန် အပြင်ကို ဘာပါလာမလဲ မသိနိုင်ပါဖူး တစ်ချက်လောက်လဲ သိစေချင်ပါတယ်
စာမေးပွဲဖြေပြီးချိန် ဆရာက ကျောင်းသားတွေ ဆီ စာရွက်လာသိမ်းတာလားးးးကျောင်းသားက ဆရာတွေဆီ သွားပေးရတာလား။။
ဆရာကဆရာဆိုပေမယ့် စာမေးပွဲဖြေတဲ့အချိန် ကျောင်းသားက VIP ပါ။
ဒါတွေအားလုံး ကျွန်တော်အမြင်ပါ မဖြစ်သင့်ပါဖူး
စာမေးပွဲဖြေရင် အကုန် ready ဖြစ်စေချင်ပြီး ဖြေတော့မှ provided chart table graph စာရွက် ကို copier ဆွဲတာ extra paper မရှိတော့လို့ သွားယူရတာ ပြီးရင် ကျောင်းသား ကဘယ်အချိန်ရမလဲ မေးရင် တောင်းထားတာပဲ ဒါမင်းတို့ major ကဖြစ်တာ ငါတို့နဲ့ မသက်ဆိုင်ဖူး ပြောတာ ရင်နာပါတယ်။ကျောင်းသား မှာ စာမေးပွဲ ဖြေရင် ဘာမှ ပြောခွင့်မရှိတော့ဖူးလားဗျာ။ပြောရင် နဲ့ မြန်မာ့ ပညာရေးကို ရင်နာလို့ မဆုံးပါဖူး ရေးနေရာကနေ ရက်ပါပြီ ဘယ်သူ့ဘယ်သူကိုမှ ထိခိုက်လိုစိတ်မရှိပါ။
Source:FB

No comments:

နေ့မှာ