မူလစာမျက်နှာ

Wednesday 11 April 2012

အထက်လွှတ်တော်အမတ် ဂျင်ဝက်ဘ် မြန်မာမီဒီယာများနှင့် သီးသန့်တွေ့ဆုံ

ရန်ကုန် ဧပြီ ၁၁

မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် တရားဝင်လာရောက်သော အမေရိကန်အထက်လွှတ်တော်အမတ် ဂျင်ဝက်ဘ်သည် ယနေ့နံနက် ၁၀နာရီက ရန်ကုန်မြို့တော်အခြေစိုက် အမေရိကန်သံရုံးတွင် မြန်မာမီဒီယာအကြီးအကဲအချို့နှင်
့ သီးခြားတွေ့ဆုံကာ မြန်မာနိုင်ငံ၏ လက်ရှိမီဒီယာအခြေအနေများနှင့် ပတ်သက်၍ အပြန်အလှန် ဆွေးနွေးဆွေးနွေး မေးမြန်းခဲ့ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ကုန်ခဲ့သည့် တစ်နှစ်တာကာလအတွင်း အပြုသဘောဆောင်သော တိုးတက်ပြောင်းလဲမှုများကို မြန်မာမီဒီယာများ အမှန်တကယ်ခံစားရပါသလားဟု ဂျင်ဝက်ဘ်၏ မေးမြန်းမှုကို တက်ရောက်သော မီဒီယာအကြီးအကဲအားလုံးက ခံစားရကြောင်း တစ်ညီတညွတ်တည်း ဖြေကြားခဲ့သည်။

အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်ဝက်ဘ်သည် ယခုခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်တို့အပါအဝင်၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းအချို့နှင့် တွေ့ဆုံခဲ့ပြီး မီဒီယာများနှင့် တွေ့ဆုံကာ သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့သည်။
Source:FB

No comments:

နေ့မှာ