မူလစာမျက်နှာ

Wednesday 14 March 2012

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် မြန်မာနိုင်ငံသို့ ရောက်ရှိ


ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာသည် မြန်မာနိုင်ငံသို့ ယခုအပတ်အတွင်း လာရောက်ခဲ့သည်။ ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် မတ်လ ၁၂ ရက်နေ့ က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ချက်ထရီယမ် ဟိုတယ်သို့ ရောက်ရှိလာပြီး မတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ဟိုတယ်မှ ပြန်လည် ထွက်ခွာသွားကြောင်း ၄င်း ဟိုတယ်မှ ဝန်ထမ်းတစ်ဦးက ပြောသည်။ ရန်ကုန်မြို့မှ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးကမတ်လ ၁၃ ရက် နံနက် ၉ နာရီခွဲခန့်တွင် ချက်ထရီ ယမ်ဟိုတယ်၌ သက်ဆင်ကို တွေ့ ခဲ့ပြီး ၉ နာရီ ၄၅ မိနစ်အထိ ဟိုတယ်၌ ရှိနေဆဲဖြစ်ကြောင်း ဟိုတယ် ဝန်ထမ်းတစ်ဦးအား မေးမြန်း ကြည့်ရာ မတ်လ ၁၂ ရက်ညက နေပြည်တော်မှ ဟိုတယ်သို့ ရောက်ရှိလာပြီး ဟိုတယ်၌ တည်းခိုရန် သက်သက်သာရောက်ရှိ လာခြင်းဟုဆိုကြောင်း ပြောသည်။ ”မနေ့က ရောက်ပါတယ်။ ညအိပ်ပြီး ဒီမနက်ပဲ ဟိုတယ်က Check out လုပ်သွားပါ တယ်” ဟု မတ်လ ၁၃ ရက် နေ့လယ်က ပေါ်ပြူလာနယူးစ်မှ သွားရောက် စုံစမ်းမှုကို ဟိုတယ်အမျိုးသမီးဝန် ထမ်းက ပြန်လည်ဖြေကြားသည်။
Source:FB

No comments:

နေ့မှာ