ဘားအံမြို့ ၊ ဇွဲကပင်ခန်းမှာ ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်နေ့ က စပြီး ကျင်းပခဲ့တဲ့ နံပါတ် (၁) စိတ်ဓါတ်မြှင့်တင်ရေးသင်တန်းမှာ သင်္ဃန်းခြုံပြထားတဲ့ အတုအယောင် သာသနာဖျက်တစ်ဦးက သီချင်းဖွင့်ပြပြီး မော်ဒယ်တွေကနေတာကို ပြကာ လိုက်ကခုံခိုင်းခဲ့တဲ့ပွဲမှာ အဲ့ဒီ သီချင်းက တရုတ်သီချင်းဖြစ်ပြီး Alex Du 杜德伟 သီဆိုထားတဲ့ "脫掉" "ချွတ်ပြစ်လိုက်” လို့အမည်ရတဲ့ သီချင်းဖြစ်ကြောင်း သိရှိရပါတယ်။
စာသားတွေထဲက တစ်ကြောင်း နှစ်ကြောင်းလောက် ဘာသာပြန်ရရင်တော့ "စည်းကမ်းတွေများနေတယ် ချွတ်ပြစ်လိုက် ချွတ်ပြစ်လိုက် " နောက်ဆုံး "အပေါ်အဝတ်တွေ အောက်ခံတွေပါ ချွတ်ပြစ်လိုက် ချွတ်ပြစ်လိုက်” လို့ ဆိုနေတာ ဖြစ်ကြောင်းပါ။ မူရင်း တရုတ်သီချင်းက ဒီမှာပါ။
နအဖတွေ ပြောတော့ တိုင်းတစ်ပါးကို အထင်ကြီးစိတ်တွေ မမွေးရဖူးဆိုပြီး ပြောနေပေမယ့် အခု ဒီ နအဖတိုင်းမှူးက ခွင့်ပြုထားတဲ့၊ နအဖတပ်မမှူးတွေ ကိုယ်တိုင်တက်ရောက်တဲ့၊ သင်္ဃန်းခြုံပြထားတဲ့ အတုအယောင် သာသနာဖျက်တစ်ဦးက ဘာသာသာသနာတော်ကို ပေါ်တင်ကြီး ဖျက်ဆီးနေတဲ့ ဒီ စိတ်ဓါတ်မြှင့်တင်ရေးသင်တန်း နံပါတ် (၁) မှာ ဖွင်ပြတဲ့ သီချင်းက တရုတ်သီချင်းကြီး ဖြစ်နေပြီး သီချင်းစာသားတွေကလည်း လိင်ပိုင်းဆိုင်ရာတွေ ပါနေတဲ့ သီချင်းကြီး ဖြစ်နေပါလား။ ဒီလောက် မိုက်ရိုင်းနေတဲ့ သီချင်း၊ ကိုယ့် မြန်မာလူမျိုးနဲ့  လားလားမှ မသင့်တော်တဲ့ သီချင်း၊ အထူးသဖြင့် ဘာသာတရားတဲ့  လုံးဝအလျဉ်း မစပ်အပ်တဲ့ သီချင်းမျိုးကို ဒီ သင်္ဃန်းခြုံပြထားတဲ့ အတုအယောင် သာသနာဖျက်တစ်ကလည်း ဖွင့်ပြတယ် နောက် နအဖတိုင်းမှူးတွေ တပ်မမှူးတွေကလည်း သဘောကျတယ် ပြီးတော့ ကခုန်နေကြတဲ့ တပ်မတော်အရာရှိမိသားစုတွေ မယကတွေ ရယကတွေကလည်း ခုန်ပေါက်မြူးတူးပြနေတယ်ဆိုတော့ ကိုယ်ပိုင်စဉ်းစားဥာဏ်မရှိကြတဲ့ အရူးတွေပါဘဲ။
နအဖက ဘာသာသာသနာတော်ကို စော်ကားတယ်၊ သင်္ဃန်းခြုံပြထားတဲ့ အတုအယောင် သာသနာဖျက်က ဗုဒ္ဓဘာသာကို ဖျက်ဆီးပြတယ်၊ ဦးနှောက်မရှိကြတဲ့သူတွေက ရူးပေါပေါနဲ့  ခိုင်းတာ လိုက်လုပ်ကြတယ်။ မြန်မာပြည်ကြီးမှာ ဒီလို မိစ္ဆာဒိဌိတွေနဲ့  ရူးသွပ်နေသူတွေကြောင့် သာသနာတော်ကြီး ပျောက်ကွယ်ဖို့  နီးနေပါပြီ။
အမျိုးဘာသာသာသနာကို ကာကွယ်စောင့်ရှောက်နိုင်ပြီး မိစ္ဆာဒိဌိတွေကို ဖယ်ရှားနိုင်တဲ့ သာသနာ့အာဇာနည်များ ပြည်သူ့ အာဇာနည်များ အလျင်အမြန် ပေါ်ပေါက်ပါစေလို့  ပြောရပါတော့တယ်။
(ဒီ အကြောင်းအရာနဲ့  ပတ်သက်ပြီး အသေးစိတ် ဖတ်ရှူလိုပါက - ဘာသာသာသနာကို စော်ကားနေတဲ့ နအဖနဲ့  သင်္ဃန်းခြုံပြထားတဲ့ အတုအယောင် သာသနာဖျက်တို့  ပေါင်းပြီး အလွန်အကျူး ရိုင်းစိုင်းပြနေပါပြီ။
Source:niknayman-niknayman.
No comments:
Post a Comment