နယ်စည်းမခြား ရုံးခြံဝင်းအတွင်းရှိ ဆီဂိုဒေါင် ပြုလုပ်ထားသည့် (၂ဝx၈) ပေ ကွန်တိန်နာမှ စတင် လောင်ကျွမ်းသည့် မီးလောင်မှုကို ဗဟန်း၊ တာမွေ၊ သင်္ကန်းကျွန်း၊ ရန်ကုန်တိုင်း ဗဟိုမီးသတ်ဦးစီး တို့မှ မီးသတ်ကား ၁၀ စီးခန့် လာရောက် ငြှိမ်းသတ်ခဲ့ကြသည်။
ကွန်တိန်နာ ဂိုထောင်အတွင်း ဆီကို ပလပ်စတစ်ပုံးတပုံးမှ တပုံးသို့ ပြောင်းထည့်ရာမှ မီးကူးလောင်ကျွမ်းခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်း မီးသတ် ဦးစီးဌာနမှ သတ်မှတ်သည်။
"ပူပြင်းတဲ့ရာသီမှာ ပလပ်စတစ်ပုံးကို ဆီထည့်ပြီးသုံးတော့ ပြင်ပအပူဓာတ်နဲ့ ဓါတ်ပြုပြီးတော့ မီးလောင်မှု ဖြစ်ပါတယ်။" ဟု မီးသတ်ဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။
မီးလောင်မှုဖြစ်ကြောင့် လုံခြုံရေးတာဝန်ယူထားသူ ဦးထွန်းထွန်းဝင်းခေါ်စောဒေးဗစ်ကို ပေါ့ဆ မီးလောင်ကျွမ်းစေမှု ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ဗဟန်းမြို့နယ် ရဲစခန်းက အတည်ပြုသည်။
Source:mizzimaburmese
No comments:
Post a Comment