မူလစာမျက်နှာ

Tuesday, 17 August 2010

ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုဘေးဧရိယာ၊ ဥက္ကလံမြို့ရှိ ဓမ္မအေးရိပ်ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဦးအာစရ ဂျင်းဘောင်းဘီဖြင့် လားစ်ဗေးဂတ်စ် တွင်ပျော်မြူးနေပုံ သာသနနွယ်ဝင်သူတော်စင်ဒါယကာ၊ဒါယကာမများသာဓုခေါ်ကြပါ။

Leave a Comment

သံဃာတော် အရှင်သူမြတ်များသို့ လျှောက်ကြားခြင်း

August 17, 2010 at 5:47 am (Uncategorized)

သာသနဥသျှောင် နှင့် သံဃာတပ်ပေါင်းစုမှ ဆရာတော်အရှင်သူမြတ်များဘုရား
ဘတ်ဖလိုးမြို့ဘုန်းတော်ကြီးကျောင်းနှင့်ပတ်သက်ပြီး လေးလေးနက်နက်
ရှောက်ထားအပ်ပါသည်။ ဘုရားတပည့်တို့သည် စစ်တပ်မှ သံဃာတော်များကို လမ်းမပေါ်တွင် ရိုက်နှက်သတ်ဖြတ်၊ ဖမ်းဆီးထောင်ချတာကို မြင်ပြီးသည့်နောက် မိမိတို့၏ ဗုဒ္ဓဘာသာ ကို ကာကွယ်ခုခံနိုင်ရန်အလို့ငှာ ဘာသာရေးလုပ်ငန်းများ ကို ပိုမိုလုပ်ဆောင်လာခဲ့ကြပါသည်။
ရန်သူဘက်မှ ရဟန်းသံဃာတော်များကို သိက္ခာချဖျက်ဆီးမည့် အရာမှန်သမျှကို သတိထားခဲ့ကြပါသည်။
ဘတ်ဖလိုးဘုန်းကြီး ကျောင်းမှ ဦးနန္ဒဝံ သည် ပေါ်လစီ ကားရိုက်သည့် အဆိုတော်များကို ခေါ်ယူလာခဲ့ယုံမက ဗုဒ္ဓဘာသာ ကို မှေးမိန်သိက္ခာကျမည့်လုပ်ရပ်များကို ဆက်လက်လုပ်ဆောင်နေပါသည် ကို တွေ့ရှိရပါသည်။ ဘုန်းကြီးကျောင်းအတွင်းရှိအခန်းများကို လူငှားတင်စားနေယုံမက၊ လူမြင်ကွင်းတွင် အမျိုးသမီးများနှင့်ဈေးဝယ်ထွက်သည့်အခါ၊ ထိုအမျိုးသမီးများမှ ဦးနန္ဒဝံ ၏ အိပ်ကပ်ကို ဇွတ်အတင်းနှိုင်ငွေချေသောအခါ ပြုံးပြုံးကြီး သဘောတွေ့နေပုံမှာ မသင့်တော်တော်ကြောင်းဒကာ၊ ဒကာမများက ပြောဆိုကြပါသည်။
ကျောင်းဝင်းအတွင်းတွင်လည်း အမျိုးသမီး အောက်ခံဘောင်းဘီများ၊ ဘလာဇီယာ များဖြင့် ပြည့်နှက်နေသောကြောင့် လူနေအိမ်လိုဖြစ်နေပါသည်။
မြို့ခံများပေးပို့သော ဆွမ်းဟင်းများ လာပို့စရာမလို၊ မိမိကိုချက်ပြုတ်ကျွေးသော ဒကာမ ရှိနေပြီ ဟု ပြောဆို ပြန်လွှတ်လိုက်ကြောင်းသိရပါသည်။
ထို့အပြင် ထိုင်းနယ်စပ်မှ ဒကာမ တချို့ ကို စပွန်ဆာပေးခေါ်ယူကာ
ဘုန်းတော်ကြီး ကျောင်းအနီးတွင် အိမ်ဝယ်ပေးမည်ဖြစ်ကြောင်းကြားသိရပါသည်။
အထက်ပါအချက်များသည် မိမိတို့ ကိုးကွယ်ယုံကြည်သော ဗုဒ္ဓဘာသာ ကို သိက္ခာကျအောင် လုပ်ဆောင်သည့်
ရန်သူ စစ်အစိုးရမှာ ထိုးစစ်ဆင်လာသည့် လုပ်ရပ်တခုဟု ခံစားရပါသည်။
ဒီလို ကိစ္စများသည် တပည့်တော်တို့ ဘာသာရေးအတွက် မသင့်တော်ကြောင်း တိုးတိုးတိတ်တိတ် သတိပေး အကြံပေးခဲ့သော်လည်း အခြေအနေမှာ တစထက်တစဆိုးဝါးလာခဲ့ပါသည်။
ဘုန်းကြီးကျောင်းဝင်းအတွင်းတွင် အရက်ဝိုင်းဖွဲ့သည်အထိ လုပ်လာကြောင်း၊ ဒကာ၊ဒကာမများက တိုင်ကြားကြပါသည်။
ဆရာတော် အရှင်သူမြတ်များအနေဖြင့် ဘတ်ဖလိုးမြို့မှ ဦးနန္ဒဝံ ကို အရေးယူပေးပါရန်
လျှောက်ထားအပ်ပါသည် ဘုရား
ဘတ်ဖလိုးမြို့နေ ဗုဒ္ဓဘာသာဝင်များ
အမေရိကန်ပြည်ထောင်စု
Leave a Comment

ဘုန်းကြီး ဦးနန္ဒဝံ အနေနဲ့ ဝိုင်းစုခိုင်သိန်း အတွက်ဘယ်လိုစီစဉ်ထားသလဲ?

August 3, 2010 at 1:00 am (Uncategorized)

ဘုန်းကြီးက ဝိုင်းစုခိုင်သိန်းမှ ဝိုင်းစုခိုင်သိန်းဖြစ်နေရင်တော့ အဲ့ဒီကျောင်းကိုပါ ခဲနဲ့ထုပေတော့

ဘုန်းကြီးအမှု ရွာပတ်တယ် ဆိုတာ ဒါမျိုးကိုခေါ်တာပေါ့။
ကျနော်တို့နားက ဘတ်ဖလိုးမြို့မှာ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းလေးလုပ်ကြမယ်ဆိုတုန်းက
လူတွေအားလုံးက တက်တက်ကြွကြွဗျာ။ ဘာသာရေးကိစ္စဆိုတော့ ပါကြပါတယ်။
မကြာဘူး။ ဘုန်းကြီးကျောင်းက နှစ်ကျောင်းဖြစ်သွားတယ်။ နောင်တနှစ်မှာ သုံးကျောင်းဖြစ်သွားတယ်။
အခု လေးကျောင်း ဖြစ်တော့မယ်ထင်တယ်။
လူတွေတင်ကွဲတယ်မထင်နဲ့ဗျို့။ ဘုန်းကြီးတွေက ပိုဆိုးတယ်။ ဒါလောက်ပဲပြောပါရစေ။
ပြောရင်အကုသိုလ်များလွန်းလို့။ နောက်ဆုံး-စိတ်ပျက်တာနဲ့ ဘယ်ကျောင်းမှမရောက်တော့ဘူး။
အခု စတိတ်ရှိုးကလည်း ဘုန်းကြီးကျောင်းရံပုံငွေအတွက်လုပ်တာတဲ့။
“ဗမာပြည်က ဘယ်မော်ဒယ်ဂဲလ် ၊ ဘယ်ရုပ်ရှင်မင်းသားကိုခေါ်ပြီး ရံပုံငွေရှာရင် ဘယ်လိုမြတ်နိုင်တယ်”ဆိုတဲ့စီးပွားရေးအမြင်ကို ဘုန်းကြီးတချို့က
ကျနော်တို့ထက်ပိုရှိတယ်ဗျ။ သာဓု၊သာဓု၊ သာဓု ပါဗျာ။
အဖေါ်အချွတ်တွေကြည့်ပြီး “အေး ဒကာ တို့ အပုပ်ကောင်ရုပ်ဆောင်နေတာ မြင်ကြပြီလား၊ဘာကြောင့် ဘုရားရှင်တောထွက်တော်မူသလဲ သိကြပြီလား။
ကဲ ကဲ နိဗ္ဗာန်ရောက်ကြောင်းတရားတော် ဟောကြစို့” ဆိုပြီး ဒီလိုနဲ့ ရေဗကာဝင်း၊ ဝိုင်းစုခိုင်သိန်း၊ မင်းမော်ကွန်းတို့ အမေရိကားရောက်လာတော့တာပါပဲ။
အင်္ဂလန်က ဒီမိုကရေစီရေးလှုပ်ရှားသူတွေ ဆန္ဒပြတာကိုကြားတော့။
“ ကဲ ခင်ဗျားတို့ ဘတ်ဖလိုးက လူတွေ ဘာလုပ်မလဲ။ အပျော်အပါးဖြစ်ပြီးရောဆို ဒီအတိုင်းနေမလား။ဝိုင်းစုခိုင်သိန်း စကပ်တို ကို ခဲနဲ့ထုကြမလား။
အနည်းဆုံးကြက်ဥပုပ်လောက်နဲ့တော့ ပေါက်သင့်တယ်” လို့
ဘတ်ဖလိုးမှာ ကျောင်းသားတပ်မတော်ရဲဘော်တွေ၊ လူ့ဘောင်သစ်တွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွေရှိတယ်။ ခေါင်းဆောင်တွေမကောင်းဘူး ဆိုပြီး သင်္ကြပ်ထိုးသရော်ခဲ့ကြသေးတာပဲ။ ရန်သူကိုဖေါ်လံဖားပြီး ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို တခုတခုလုပ်ရဲရမှာပေါ့။ အချင်းချင်းကျ ရစရာမရှိအောင်ဝေဖန်ပြီး၊ အစိုးရဝါဒဖြန့်လက်တံတွေကိုကျ ဘာမှမလုပ်ရဲရင်၊ ညစ်ကျယ်ကျယ်အဆင့်ပဲ ဖြစ်မယ်။
အမှန်က ဘုန်းကြီး ကို အရင် ရာဇသံပေးရမယ်။ ဘုန်းကြီး ဦးနန္ဒဝံ အနေနဲ့ ဝိုင်းစုခိုင်သိန်း အစီအစဉ်အတွက်ဘယ်လိုစီစဉ်ထားသလဲ။
ပွဲမပျက်စေချင်ရင် တခုခုပြင်ဆင်လုပ်ပေးပါဘာညာပေါ့။
ဘုန်းကြီးက ဝိုင်းစုခိုင်သိန်းမှ ဝိုင်းစုခိုင်သိန်းဖြစ်နေရင်တော့ အဲ့ဒီကျောင်းကိုပါ ခဲနဲ့ထုပေတော့။
ကျနော်တို့လည်း အနုပညာသမားတွေ အစိုးရကြောက်လို့လုပ်ရရှာတယ် လို့ အနှစ် (၂၀) လုံးလုံးနားလည်ပေးခဲ့တယ်။ တော်ပြီ။ အခုတော့ နားလည်မှုမပေးနိုင်တော့ဘူး။
တတိုင်းပြည်လုံးငတ်နေတဲ့အချိန်မှာ အစိုးရအတွက် ရုပ်ရှင်ရိုက်ပေး၊ မြေကွက်ယူ၊ အခွင့်အရေးရ၊နောက်- နိုင်ငံခြားထွက်၊
ပြည်နှင်ဒဏ်ခံရတဲ့ မြန်မာနိုင်ငံသားတွေဆီက ဒေါ်လာ လာယူ။
ဒါလား အနုပညာသမား၊ အလကား ဖက်ခွက်စားတွေ၊
အနုပညာသည်ဆိုတာ ယုံကြည်ချက်ရှိရတယ်။ ပြည်သူကို သစ္စာမဖောက်ရဘူး။
ကဲ ဘတ်ဖလိုးမြို့က ရဲဘော်တွေ၊ ခင်ဗျားတို့ အစည်းအဝေးလုပ်နေကြတယ်၊ ကျနော့တို့ကို အကြောင်းကြားပါမယ်လို့ပြောခဲ့တယ်။ တကမ္ဘာလုံးကိုအကြောင်းပြန်ပါ။
ခွပ်ဒေါင်းလား၊ မြွေလား၊ ဖက်ခွက်စားတွေနဲ့အပျော်လိုက်မဲ့ ပွဲကြိုက်ခင်တွေလား
တချက်ကြည့်မယ်။

No comments:

နေ့မှာ