မူလစာမျက်နှာ

Thursday 10 May 2012

Myint April အထည်ချုပ်စက်ရုံမှ အလုပ်သမများဆန္ဒပြ




လှိုင်သာယာရှိ Myint April အထည်ချုပ်စက်ရုံမှ အလုပ်သမများသည်မရမ်းကုန်းရှိ အလုပ်သမားညွှန်ကြားမှုဦး စီးဌာနရှေ့တွင် ယနေ့မွန်းလွဲ၃နာရီ ခန့်က ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြကြောင်း သတင်းရရှိသည်။ အလုပ်သမား ၆၀၀ ကျော်ရှိအဆိုပါစက်ရုံမှအလုပ်သမ ၃ပုံ၂ပုံခန့်သည် ဧပြီလလစာမှကျပ်၁၀၀၀၀ ဖြတ်တောက်ခြင်း၊ လစာဖြတ်တောက်မှုကို ပြောသည့်အခါ All Supervisor ဖြစ်သူဒေါ်နွယ်နွယ်ဦးက ရုန့်ရင်း ကြမ်းတမ်းသော စကားများဖြင့်ပြန်လည်ပြောဆိုခြင်းတို့ကြောင့် ဆန္ဒပြခဲ့ကြခြင်းဖြစ်ကြောင်း အဆိုပါစက်ရုံမှ အသက် ၂၇ နှစ်ရှိ မခင်ခင်လှိုင်ကပြောသည်။ အလုပ်သမားတစ်ဦးဖြစ်သည့်အသက် ၂၃ နှစ်ရှိမကြည်ကြည်ထွေးကလည်း “ကျွန်မတို့ လစာတိုးတောင်းတာ မဟုတ်ဘူး၊ကိုယ်ရသင့်တဲ့ ဟာကိုပြန်ပေးဖို့တောင်းတာ ၊လကုန်ရင်အဲ့လိုပဲ ဟိုကြေးဖြတ် ဒီကြေးဖြတ်နဲ့ လစာအပြည့်မရခဲ့ဘူး”ဟုပြောသည်။ ၂၀၁၁ ခုနှစ်သြဂုတ်လတွင် ကိုးရီးယားမှ လာရောက်ဖွင့်လှစ်သော အဆိုပါစက်ရုံတွင်ယခုအကြိမ်မတိုင်မီ ဆန္ဒပြမှု လေးကြိမ်ဖြစ်ပွားခဲ့ကြောင်းသိရသည်။ အဆိုပါအလုပ်ရုံ၏အလုပ်ချိန်သည် နံနက်( ၇ )နာရီမှ ည ( ၈ ) နာရီ အထိဖြစ်ပြီးအလုပ်သမားတစ်ဦးလျှင် အမြင့်ဆုံးလစာကျပ် ၅၈၀၀၀ ရရှိကြောင်းသိရသည်။Source:FB

No comments:

နေ့မှာ