မူလစာမျက်နှာ

Thursday 10 May 2012

"ဇာဂနာနှင့် စာရေးဆရာ အချို့ နာမကျန်း အနုပညာရှင်နှစ်ဦး အား ထောက်ပံ့"

Source:FB
မြန်မာနိုင်ငံ ကဗျာဆရာများ သမဂ္ဂမှ စီစဉ်သည့် နာမကျန်း ကဗျာဆရာ၊ စာရေးဆရာနှစ်ဦးအား ထောက်ပံ့ငွေ ပေးအပ်ပွဲကို မေလ ၇ ရက် နေ့ မွန်းလွဲပိုင်း ကကျောက်တံတား မြို့နယ် ၃၅ လမ်း(လယ်)ရှိ Asian Fame Media Groupတွင် ကျင်းပခဲ့သည်။
ပေါ်ပြူလာ ဂျာနယ်ပင်တိုင် ဆောင်းပါးရှင် ဇာဂနာ၊ စာရေးဆရာများနှင့် အခြားအလှူရှင်များ၏ စာမူခများနှင့် အလှူငွေ ကျပ် ၆ သိန်းအား နာမကျန်းစာရေး ဆရာ မောင်တင်ဆင့်နှင့် ကဗျာဆရာ မောင်ရေပြာ (ပန်းတနော်) တို့အား ကျပ် ၃ သိန်းစီ ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါပွဲသို့ မောင်ရေပြာ(ပန်းတနော်)မှ တက်ရောက်နိုင်ခြင်း မရှိခဲ့ပေ။ ကဗျာဆရာ မောင်လင်းရိပ်က အခမ်းအနားမှူး ပြုလုပ်၍ ဆရာမောင်စိမ်းနီ က ဂုဏ်ပြုစကားပြော ကြားခဲ့သည်။ စာရေးဆရာများ၊ ကဗျာဆရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

No comments:

နေ့မှာ