မူလစာမျက်နှာ

Thursday 10 May 2012

ကားတင်သွင်းလိုသူများ အတွက် ငွေစာရင်း ဖွင့်လှစ်ပေးရန် ညွှန်ကြားထားခြင်း မရှိဟုဆို

ရန်ကုန်၊ မေ ၁၀

ကားတင်သွင်းလိုသော မြန်မာနိုင်ငံသားတိုင်းကို နိုင်ငံခြားငွေ စာရင်း ဖွင့်လှစ်၍ ၂၀၀၇ မော်ဒယ်နှင့် အထက် ကားများ တင်သွင်းခွင့် ပြုမည်ဟု ပြည်ထောင်စု ဝန်ကြီးတစ်ဦးက မေ ၇ ရက်နေ့က ပြောကြားခဲ့သော်လည်း မြန်မာ့ နိုင်ငံခြား ကုန်သွယ်မှုဘဏ် မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ဘဏ်နှင့် မြန်မာ့စီးပွားရေး ဘဏ်များတွင် နိုင်ငံခြားငွေ စာရင်း ဖွင့်လှစ်ပေးရန် ညွှန်ကြားချက် မရောက်ရှိသေးကြောင်း အဆိုပါ ဘဏ်များထံ ဆက်သွယ် မေးမြန်းချက်များအရ သိရှိရသည်။

ကားတင်သွင်းခွင့် မူဝါသစ်ထွက်ပေါ်လာပြီးနောက် ကားဝယ်ယူ တင်သွင်းလိုသူများမှာ အဆိုပါဘဏ်များနှင့် မြန်မာ့စီးပွားရေး ဘဏ်တွင် နိုင်ငံခြားငွေ စာရင်း သွားရောက် ဖွင့်လှစ်ကြသော်လည်း ဖွင့်လှစ်ခွင့် မရရှိဘဲ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များ၊ သင်္ဘောသားများနှင့် Shore Job များကိုသာ ဖွင့်လှစ်ခွင့်ပေးခဲ့သည်ကို တွေ့ရှိရသည်။

နိုင်ငံခြားငွေ လုပ်ပိုင်ခွင့်ရှိသော ပုဂ္ဂလိကဘဏ်များ၌ပါ နိုင်ငံခြားငွေ စာရင်း ဖွင့်လှစ်ခွင့် ပြုမည်ဟု ပြည်ထောင်စု ဝန်ကြီးက ပြောကြားခဲ့သော်လည်း အဆိုပါ ပုဂ္ဂလိက ဘဏ်များတွင် Swift စနစ် တပ်ဆင်ရခြင်း မရှိသေးသဖြင့် လုပ်ကိုင်နိုင်ခြင်း မရှိသေးကြောင်း ပုဂ္ဂလိကဘဏ်များထံ ဆက်သွယ် မေးမြန်းချက်များအရ သိရှိရသည်။

Source:FB

No comments:

နေ့မှာ